နေပြည်တော် မတ်၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှ ဒေသထွက်စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ရာ တွင် အရေးကြီးသည့် ကုန်ထုတ်လမ်းအဖြစ် အသုံးပြုလျက်ရှိသော ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချော လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၈၅.၅၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။
အဆိုပါ လမ်းဖောက်လုပ်ခြင်းကြောင့် ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံကျေးရွာနှင့် ညောင်ချိုင်း ကျေးရွာများ အပါအဝင် ၎င်းလမ်းအား အသုံးပြုလျက်ရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြု၍ ကျေးရွာနေပြည်သူများအနေဖြင့် များစွာဝမ်းမြောက် ပျော်ရွင်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)