ကျောက်ပန်းတောင်း ၉ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြရာ ဧပြီ ၉ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြို့နယ်ကြီးကြပ်မှုကော်မတီထံသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ဦးစိုးသိမ်း + ဒေါ်ဆင်နု (ရွှေနဒီမိသားစု)၊ နဒီရွှေဝါကုမ္ပဏီက ငွေကျပ် သိန်း (၅၀)ကို မိသားစုဝင်များကလည်းကောင်း၊ ရန်ကုန်မြို့ မြောက်ဒဂုံနေ ဒေါ်ခင်မြနွယ် (သမီး)ဒေါက်တာ ယမင်းနွယ်(မိသားစု)က ငွေကျပ်(၃)သိန်းကို အလှူရှင်များကိုယ်စား ဦးနေအောင် (ပြန်/ဆက်ဦးစီးဌာန)က လည်းကောင်း လာရောက်ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ဆပ်ကော်မတီဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


