ကျောက်ပန်းတောင်း ၇  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလာရောက် လှူဒါန်းလျက်ရှိကြရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံရှိ၊  မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှု ကော်မတီသို့  PPE ဝတ်စုံ၊ နှာခေါင်းစည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

36

 

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီ ဖွဲ့စည်း၍ ရပ်နီး/ရပ်ဝေးရှိစေတနာရှင်များထံမှ အလှူငွေနှင့်ပစ္စည်းများ အလှူခံလျှက်ရှိပြီး ရရှိသည့် အလှူငွေများဖြင့် လိုအပ်သည့် အထောက်ကူပြုပစ္စည်းများ ဝယ်ယူခြင်းနှင့် အလှူခံရရှိသည့် အထောက်အကူပြုပစ္စည်းများကို လိုအပ်သည့် ကျန်းမာရေးဌာနများ၊ လုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို ခွဲဝေသုံးစွဲစေလျှက်ရှိရာ ယနေ့နံနက်တွင် လိုအပ်လျက်ရှိသည့် အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ရန်ကုန်မြို့နေ ဦးတင်စိုးလင်း (ရွှေပုဇွန်မုန့်မျိုးစုံနှင့် အအေး) ရောင်းဝယ်ရေးမိသားစုမှ အလှူငွေကျပ် သိန်း(၂၀)ကိုလည်းကောင်း၊ ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်နေ ကိုဖိုးကျော် မမေမွန်ပြည့်ဖြိုးသူ (ထွန်းကုန်မာဆိုင်) မိသားစုက Mask အခုရေ(၁၀ဝ၀)ကိုလည်းကောင်း၊ ညောင်ဦးခရိုင် လမ်းဦးစီးဌာန(EE)မှ PPE ဝတ်စုံ (၁၀)စုံကို လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့ ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထိန် +ဒေါ်မြင့်မြင့်ခိုင်နှင့် ဝန်ထမ်းမိသားစုများမှ Mask အခုရေ(၁၀ဝ၀)နှင့် Hand Gel ပုလင်း(၁၀ဝ)ကိုလည်း ကောင်း၊မြို့မိမြို့ဖများပါဝင်သည့် သဘာဝဘေးရန်ပုံငွေအဖွဲ့မှ PPE ဝန်စုံ(၂၀)စုံနှင့် Thermometer အခုရေ(၂၀)ကိုလည်းကောင်း၊ စံပြရပ်ကွက်နေ ကိုမင်းဇော်ဦး+ မသက်မိုးထွေး မိသားစုမှ အလှူငွေကျပ်(၃)သောင်းနှင့် ယူနိုင်တက်အမရာဘဏ်မှ အလှူငွေကျပ်(၃)သောင်းတို့ကို လာရောက်ပေးအပ် လှူဒါန်းကြရာ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)