ကျောက်ပန်းတောင်း ၁၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်တောင်းမြို့နယ် ကမ်းဖြူကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း အခြေခံလူတန်းစားများအား ရပ်မိရပ်ဖများဦးဆောင်ကာ လက်လုပ်လက်စား အခြေခံလူတန်းစားများအား ဆန်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ရပ်မိရပ်ဖများ ဦးဆောင်ကာ ကမ်းဖြူ(ကဗြူ)ကျေးရွာမှ အဝေးရောက်ဒေသခံများနှင့် ကျေးရွာအတွင်းရှိ ပြေလည်သည့်သူများက မိမိတတ်နိုင်သလောက် ဆန်အိတ်များ လာရောက်လှူဒါန်းကြရာ တစ်တင်းခွဲပါ ဆန်အိတ် ၁၇၉ လုံးရရှိခဲ့ပြီး လက်လုပ်လက်စား အခြေခံလူတန်းစားများအား လှူဒါန်းပေးခဲ့သည်။
အဆိုပါ လှူဒါန်းမှုတွင် အိမ်ထောင်စု ၇၇၄ စုအတွက် တစ်အိမ်ထောင်လျှင် ဆန် (၄)ပြည်နှုန်း လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


