ကျောက်ပန်းတောင်း ၂၅ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အုံ့မှိုးရိုးကျေးရွာအုပ်စု ကန်နှစ်ဆင့်ကျေးရွာနှင့် တောင်ဦးကျေးရွာအုပ်စု၊ တောင်ဦးကျေးရွာတို့တွင် ယနေ့ မွန်းလွဲပိုင်းက လျှပ်စစ်မီးဖွင့်ပွဲများ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် အုံ့မှိုးရိုးကျေးရွာအုပ်စု ကန်နှစ်ဆင့်ကျေးရွာသို့ ရောက်ရှိကြပြီး ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တ ဣန္ဒကအား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ကန်နှစ်ဆင့်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်အနားကို ခေတ္တဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကန်နှစ်ဆင့်ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ယာယီမဏ္ဍပ်တွင် ပြုလုပ်ရာ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ကန်နှစ်ဆင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဘဒ္ဒန္တဣန္ဒက၏ တပည့်ဘဒ္ဒန္တ ကုသလက ဝမ်းမြောက်အနုမောဒနာ စကားမြွက်ကြားကာ ကျေးရွာကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁ နာရီခွဲတွင် တောင်ဦးကျေးရွာသို့ ရောက်ရှိကြကာ တောင်ဦးကျေးရွာ လျှပ်စစ်မီးလင်းရေး အခမ်းအနားကို ခေတ္တဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို တောင်ဦး အ.ထ.က စုဝေးခန်းမတွင် ပြုလုပ်ရာ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြည်သူ့အစိုးရလက်ထက် လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ အသိပညာဗဟုသုတများကို ရှာမှီးနိုင်ကြမှာဖြစ်ကြောင်းနှင့် အသိပညာဗဟုသုတများကို အခြေခံ၍ မိမိတို့အနာဂတ်အတွက် မှန်ကန်စွာ ရွေးချယ်တတ်ကြမှာဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ကျေးရွာကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်စံက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

mdn

 

အဆိုပါ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများသို့ ခေတ္တဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)