ကျောက်ပန်းတောင်း ၃၀ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာတွင် လက်လုပ်လက်စား မိသားစု ၁၉၂ စု တို့အား ရန်ကုန်မြို့နေ ဦးဗလစိန်မိသားစုက ကာလဒါနအလှူအဖြစ် ဆန်၊ ဆီနှင့် ကြက်သွန်များကို ဧပြီ ၂၉ ရက်နေ့ ညနေက အိမ်တိုင်ရာရောက် လှည့်လည်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာလတွင် အသွားအလာကန့်သတ်ခြင်း၊ လုပ်ငန်းများ ရပ်ဆိုင်ထားခြင်းတို့ကြောင့် လက်လုပ်လက်စားမိသားစုများအနေဖြင့် စားရေးသောက်ရေး ခက်ခဲကြပ်တည်းလာချိန်တွင် နိုင်ငံတော်အစိုးရက အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့သလို၊ အသင်းအဖွဲ့များနှင့် ပုဂ္ဂလိက အလှူရှင်များကလည်း ထောက်ပံ့လှူဒါန်းလျက်ရှိကြရာ၊ လက်ပံပျားဇာတိဖွားများဖြစ်ကြသည့် ရန်ကုန်မြို့နေ ဦးဗလစိန်+ဒေါ်ခင်ထားနွယ်(ဩဘာ သံသာ ကုမ္ပဏီမိသားစု)က မိမိတို့ဇာတိမြေရှိ စားသောက်ရေးခက်ခဲနေသည့် လက်လုပ်လက်စားမိသားစုများအတွက် ကာလ ဒါနအလှူအဖြစ် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)သားနှင့်ကြက်သွန်(၁) ပိသာ၊ စုစုပေါင်းတန်ဖိုးငွေ (၃၂)သိန်းကျော် ဖိုးတို့ကို၊ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကျေးရွာလူငယ်အဖွဲ့၏ အကူအညီဖြင့် လမ်းအလိုက် အိမ်တိုင်ရာရာရောက် လိုက်လံလှူဒန်းခဲ့ကြောင်းသိရပြီး၊ ကျေးရွာရှိ မေတ္တာမွန်လူမှုကူညီရေးအသင်းအား ငွေကျပ်(၂)သိန်းထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)