ကျောက်ပန်းတောင်း  ၁၈  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ဝန်ထမ်းအိမ်ရာများနှင့် ပိန္နှဲတောဓာတ်အားခွဲရုံ တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးပက်ဖြန်းခြင်းကို ယနေ့ ညနေ ၅ နာရီက မြို့နယ် မီးသတ်ဦးစီးဌာန အကူအညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးခန်းများ၊ ရုံးဝန်းအတွင်းရှိ မီတာကြေးကောက်ခံဌာနနှင့် ဝန်ထမ်းအိမ်ရာများတွင် လည်းကောင်း၊ ပိန္နှဲတောကျေးရွာ  ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံရှိ  Control Room နှင့် ဝန်ထမ်းအိမ်ရာများကို ပိုးသတ်ဆေးများ ပက်ဖြန်းခဲ့သည်။

 

အဆိုပါ ပိုးသတ်ဆေးပက်ဖြန်းမှုကို မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကူညီပက်ဖြန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)