ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကူးစက်ရောဂါကာကွယ်ရေးအတွက် တမ္ပဝတီဈေးသစ်ကြီးတွင် Mask Campaign ပြုလုပ်

ကျောက်ပန်းတောင်း   ၅   မေ

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျှက်ရှိရာ၊ မေလ(၅)ရက်နေ့ နံနက် (၈:၃၀) နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က တမ္ပဝတီဈေးသစ် ကြီးအတွင်း Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

           

ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်း ဥက္ကဌ ဒေါ်တင်ထွေးရီနှင့်အသင်းဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဈေးတာဝန်ရှိသူများ စုပေါင်း၍ တမ္ပဝတီဈေးသစ်ကြီးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များထံမှ  ဟောင်းနွမ်း ပေကျံနေသည့် နှာခေါင်းစည်းများအစား၊  ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် အဝတ်နှာခေါင်းစည်းများနှင့် Face Mask များကို အသစ်လဲလှယ်စေခြင်းဖြင့် ကူးစက်ရောဂါအန္တရာယ် ကာကွယ်နိုင်စေရန် Mask Campaign ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

           

အဆိုပါ Mask Campaign ကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်း ဥက္ကဌ ဒေါ်တင်ထွေးရီ နှင့် အသင်းဝင်(၆)ဦး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်(၆)ဦး စုစုပေါင်း(၁၂)ဦး၊ မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဌ ဦးဖြိုးတင့်ခိုင်၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဒေါ်ကျော့မွန်ကံနှင့်ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ၊ပြန်လည်အသုံးပြုနိုင်သည့် အဝတ်နှာခေါင်းစည်း(၅၀၀)နှင့် Fask Mask (၅၀၀) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)