ကျောက်ပန်းတောင်း၊ ၂ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၁ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၂၆ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇွန် ၁ ရက်တွင် ကြက်ဆူတောကျေးရွာအုပ်စုနှင့် ဆင်ခေါင်းကျေးရွာအုပ်စုတို့မှ တောင်သူ(၇၅)ဦးတို့အား ငွေကျပ်(၃၈၆ ဒသမ ၅)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးနိုင်ရန်အတွက်၊ ဘူတာရပ်ကွက်ရှိ ပိန္နှဲတောဘုန်းတော်ကြီးကျောင်းတွင် စနစ်တကျ ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်းသိရပြီး ယခု ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု(၉၃)အုပ်စုမှ တောင်သူ(၁၄၀၀)ဦးခန့်ကို ငွေကျပ်သိန်းပေါင်း (၆၇၀၀၀) ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရာတွင် ယမန်နှစ် ချေးငွေပြေကြေပြီး ကျေးရွာများကို ဦးစားပေးအတိုင်း အမြန်ဆန်ဆုံး စီစဉ်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဝင်းဌေးဦးက ပြောသည်။

နေအောင်(ပြန်/ဆက်)

mdn