ကျောက်ပန်းတောင်း မေ ၆

 

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းအင်အား (၁၆၇)ဦး၊ ရပ်ကွက်ပြည်သူ (၁၀)ဦး စုစုပေါင်း ၁၇၇ ဦးဖြင့်၊ မြို့နယ်ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာရှေ့၊ ဆေးရုံပင်မအဆောင်ရှေ့ ပန်းခြံနှင့် ဆေးသိုလှောင်ရုံ အနီးဝန်းကျင်တို့တွင် သစ်ရွက်အမှိုက်ခြောက်များ စုပုံမီးရှို့ခြင်း၊ သစ်ပင် သစ်ကိုင်းအခြောက်များနှင့် လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း၍ အမှိုက်ကားဖြင့် ပို့ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)