ကျောက်ပန်းတောင်း ၂၅ စက်တင်ဘာ
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်မီးလင်းရေးလုပ်ငန်းတစ်ခုဖြစ်သော၊ တစ်အိမ် ထောင်သုံးဆိုလာမီးလင်းရေးလုပ်ငန်းများကို၊ ညောင်သာကျေးရွာ၊ ကန်ရင်းကျေးရွာ၊ ရွာကောက်ကျေးရွာနှင့်ဆားတုံး ကျေးရွာ တို့တွင်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာ(၂၅)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နရုံမှ တာဝန်ရှိသူများကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သော တစ်အိမ်ထောင်သုံးဆိုလာမီးလင်းရေးလုပ်ငန်းများကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် NEP စီမံကိန်းICB-1 , DRD-1 ဖြင့်ကျေးလက်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိသည့် ဈေးကုန်းကျေး ရွာအုပ်စု ညောင်သာကျေးရွာ၊ ဟင်းခွက်အိုင်ကျေးရွာအုပ်စု ကန်ရင်းကျေးရွာ၊ ရွာကောက်ကျေးရွာအုပ်စု ရွာကောက်ကျေးရွာ နှင့် ဆားတုံးကျေးရွာတို့တွင် Earth Renewable Co.,Ltd မှ ဆောင်ရွက်လျှက်ရှိရာ၊ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအ ခြေအနေများကိုကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးမောင်ကြည်နှင့် ဆိုလာမီးလင်းရေးလုပ်ငန်းတာဝန်ခံ ဒေါ်ခင်မာပို(SAE)တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။ရွာ ကောက်ကျေးရွာနှင့်ဆားတုံးကျေးရွာ၊ညောင်သာကျေးရွာတို့တွင်ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများကို ယနေ့အပြီး ဆောင်ရွက် သွားမည်ဖြစ်၍၊ ကန်ရင်းကျေးရွာတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်အဆိုပါကျေး ရွာ(၄) ရွာတွင် တစ်အိမ်သုံးဆိုလာ 60W (၁၅၇)စုံ၊ မူလတန်းကျောင်းအတွက်(၁)စုံ၊ အလယ်တန်းကျောင်းအတွက်(၁)စုံနှင့် လမ်းမီးတိုင် (၂၃) တိုင် နှင့် ဘာသာရေးအဆောက်အဦအတွက်(၃)စုံတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)



