ကျောက်ပန်းတောင်း  ၂၁    ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများတွင် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ပေးပို့လှူဒါန်းသည့်  PPE ဝတ်စုံ များကို၊ ဧပြီ(၂၁)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျောက်ပန်းတောင်းတပ်နယ်မှူးမှ လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  ကျောက်ပန်းတောင်းမြို့နယ်အတွက်  ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရန်၊ PPE ဝတ်စုံ အစုံ(၉၅)စုံ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယခုနံနက်တွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ဝတ်စုံ(၂၀)ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိမ်းထံသို့လည်းကောင်း၊ ပုပ္ပားတိုက်နယ် ဆေးရုံအတွက် ဝတ်စုံ(၁၀)စုံကို ကျန်းမာရေးမှူး ဦးအောင်မိုးထံသို့လည်းကောင်း၊ ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော်က ထပ်ဆင့်လွှဲပြောင်း လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့်တိုက်နယ် ဆေးရုံ(၃)ရုံ အတွက် PPE ဝတ်စုံ အစုံ(၃၀)နှင့် ကျေးလက် ကျန်းမာရေးဌာန(၇)ခု အတွက် တစ်ခုလျှင် ဝတ်စုံ(၅)စုံတို့ကို တပ်နယ်တာဝန်ရှိသူများက သက်ဆိုင်ရာ ကျန်းမာရေးဌာနများအရောက်လိုက်လံပေး ပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)