ကျောက်ပန်းတောင်း ၃၁ ဇန်နဝါရီ
မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းအဖြစ် စိုက်ပျိုးရေးဆိုင်ရာအလေ့ကျင့် ကောင်းများကို သိရှိလိုက်နာနိုင်စေရန် (GAP)သင်တန်းကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီက နတ်ကန်လည်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တောင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းတွင်ရေရှည် စိုက်ပျိုးရေးဖြစ်စေရန်နှင့် အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေးတို့အတွက် လိုအပ်သည့်နည်း စနစ်များကို သိရှိ၊ လိုက်နာ၊ ဆောင်ရွက်နိုင်စေရန်အတွက် (GAP) သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူ းဦးမောင်ကြည်က ပြောသည်။
သင်တန်းသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစိးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်ကြည်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်တိုးချဲ့ပညာပေးရေးဝန်ထမ်းများဖြစ်သည့် ဒေါ်တင်တင်လှိုင်၊ ဒေါ်သွယ်သွယ်အောင်၊ ဒေါ်မြမြမိုးနှင့်ဒေါ်ဇင်မာဦးတို့မှ ပညာပေးဆွေးနွေးခဲ့ကြပြီး နတ်ကန်လည်ကျေးရွာမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတောင်သူ(၅၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(iprd)