ကျောက်ပန်းတောင်း ၃ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် မဲရုံ(၂)ရုံနှင့် ကျေးရွာအုပ်စုများတွင် မဲရုံ(၄)ရုံ ဖွင့်လှစ်ဆောင်ရွက် ထားရှိပြီး ပြည်သူများ လွတ်လပ်လုံခြုံစွာဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရာ ယနေ့နံနက် ၆ နာရီတွင် မဲဆန္ဒရှင်များ လွတ်လပ်စွာဆန္ဒမဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ လစ်လပ်လျှက်ရှိသော ရှမ်းတိုင်း ရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ရွေး ချယ်ခံလျှက်ရှိကြောင်းသိရသည်။
အဆိုပါ လစ်လပ်မဲဆန္ဒနယ်အတွက် ကျောက်ပန်းတောင်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်(၁၂)ဦး ဆန္ဒမဲပေးကြမည်ဖြစ်ကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် မြို့မကွက်သစ်ရပ်ကွက် မဲရုံ(၁)ရုံ နှင့် မြို့မရပ်ကွက်တွင် မဲရုံ(၁)ရုံဖွင့်လှစ်ပေးထားကြောင်းသိရသည်။
မဲဆန္ဒရှင်များအနေဖြင့် မြို့မကွက်သစ်ရပ်ကွက်တွင်(၄) ဦးနှင့်မြို့မရပ်ကွက်မှ(၄)ဦး စုစုပေါင်းမြို့ပေါ်မဲဆန္ဒရှင်(၈)ဦးရှိ၍ ကျေးရွာအုပ်စုများတွင် ပုပ္ပားကျေးရွာအုပ်စုတွင် မဲရုံ(၁)ရုံ၊ မဲဆန္ဒရှင်(၁)ဦး၊ဆုံရွာကျေးရွာအုပ်စုတွင် မဲရုံ(၁)ရုံ၊ မဲဆန္ဒရှင်(၁)ဦး၊ဈေးကုန်းကျေးရွာအုပ်စုတွင် မဲရုံ(၁)ရုံ၊မဲဆန္ဒရှင်(၁)ဦး၊နှင့် မကျီးကုန်းကျေးရွာအုပ်စုတွင် မဲရုံ(၁)ရုံ၊ မဲဆန္ဒရှင်(၁)ဦး၊ စုစုပေါင်းကျေးရွာအုပ်စုမဲရုံ(၄)ရုံတွင် မဲဆန္ဒရှင်(၄)ဦး၊ တစ်မြို့နယ် လုံအနေဖြင့် မဲဆန္ဒရှင် စုစုပေါင်း(၁၂)ဦး ဆန္ဒမဲပေးကြရန်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)