ကျောက်ပန်းတောင်း  ၈  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၅၀)ဦးတို့အား ယနေ့ နံနက် ၉ နာရီခွဲက မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ စားသောက်ကုန်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (ကျောက်ပန်းတောင်း)ရုံးခွဲမှဥက္ကဋ္ဌ ဦးဇင်အောင် မောင်မောင်နှင့် အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မသန်မစွမ်းအဖွဲ့ဝင်များ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ မသန်မစွမ်း ၉ ဦး၊ လက်ပံပင်ကျေးရွာမှ ၁၀ ဦး၊ ပွေးကျစ်/ကန်နီကျေးရွာမှ ၁၁ ဦး၊ ကျွဲသလင်း/ရွှေဘိုကျေးရွာမှ  ၁၀ ဦးနှင့် ပွဲခင်းကျေးရွာ မှ ၁၀ ဦး စုစုပေါင်း ၅၀ ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၂)ပြည်၊ ဆီ (၁)ပိဿာ၊ ဆား (၁)ပိဿာ၊ ကုလားပဲ(၆)ပုံး၊ လက်သန့်ဆေးရည် (၁)ဘူး၊ အရက်ပြန် (၁)ဘူး၊ Mask (၁) ခု၊ လက်အိတ် (၁)ခု၊ ကာဘော်လစ်ဆပ်ပြာ(၁)တောင့် စသည့်ပစ္စည်းများကို အိမ်အရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)