ကျောက်ပန်းတောင်းမြို့နယ်တွင် လှောင်ကြက်သွန်နီဈေးနှုန်းများ ဈေးအနိမ့်ဆုံးဖြင့်သာ ရောင်းချနေရ

ကျောက်ပန်းတောင်း    ဒီဇင်ဘာ    ၁၅

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီစိုက်ပျိုးတောင်သူများ ကြက်သွန်တစ်ပိဿာ ကျပ် ၅၀၀ အထိ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း မုန့်ကုန်းကျေးရွာ၊ ကြက်သွန်နီပွဲစား ဦးမင်းညိုထံက သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများနှင့် ပုပ္ပားမြောက်ဘက် စိတ္ထိန်းချောင်းတစ်လျှောက် ကြက်သွန်စိုက်ပျိုးတောင်သူများ၊ ရေဆုံးကျေးအုပ်စုရှိ ကျေးရွာများသည် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်အများအပြား စိုက်ပျိုးသည့်ကျေးရွာများဖြစ်ကာ မနှစ်က စိုက်ပျိုးထွက်ရှိ လှောင်ထားသည့် ကြက်သွန်များ ပြန်ရောင်းချိန် တစ်ပိဿာ ကျပ် ၅၀၀ သာ ရောင်းချ ရခြင်းကြောင့် စိုက်ပျိုးစရိတ်အရင်းပင် မရရှိဘဲ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ကျောက်ပန်းတောင်း မြို့နယ် လဲဂွကျေးရွာကြက်သွန်စိုက်တောင်သူ  ဦးတင်ထွန်းအောင်က ပြောပြသည်။

 

ဆောင်းကြက်သွန်စိုက်ပျိုးချိန်သည် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတွင် စတင်ပျိုးထောင်ကာ ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်မည့်အခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရသည်။ မစိုက်ပျိုးခင် ထွန်စက်ထွန်ခ၊ နွားဖြင့် ထွန်ခ၊ ကြက်သွန်စိုက်ခ၊ ရေဖျန်းလုပ်သားခ၊ မြေဆီ၊ ငုံးချေး၊ကြက် ချေး၊ နှမ်းဖတ်၊ ပဲဖတ်ကြိတ်ထည့်ခြင်းများဖြင့် ဆောင်းကြက်သွန်စိုက်ပျိုးခြင်းသည် ငွေကုန်ကြေးကျ များပြီး ကရိကထအလွန်များသော်လည်း ကြက်သွန်ဈေးကောင်းကောင်း၊ မကောင်းကောင်း စိုက်ပျိုးချိန် ပြန်လည်စိုက်ပျိုးကြကြောင်း သိရသည်။

 

ယခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူ များ အမြင့်ဆုံး ကြက်သွန်ဈေးနှုန်း ကျပ် ၅၀၀ သာရောင်းချခဲ့ရပြီး ယခုလိုအချိန်ဈေးနှုန်းအ ကောင်းဆုံးရောင်းချရမည့် အစား ဈေးနှုန်းအနိမ့်ဆုံး တစ်ပိဿာ ကျပ်  ၅၀၀ သာရောင်းချနေရခြင်းကြောင့် ကြက်သွန်ဈေးနှုန်း အရှုံးနှင့် ရင်ဆိုင်ရသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ကြက်သွန်စိုက်တောင်သူ ဦးမင်းညိုက ပြောပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)