ကျောက်ပန်းတောင်း ၁၃ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ယနေ့ မွန်းလွဲ ၁ နာရီက ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် တာဝန်ရှိသူများက ကျောက်ပန်းတောင်းမြို့နယ်အတွင်း မုံကမ်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၁)စု၊ မကျီးကုန်း ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၁)စုနှင့် မင်းခေါင်းမြောက်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၅)စုတို့အတွက် စုစုပေါင်း ငွေကျပ် ၇၂၈၇၀ဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဩဂုတ် ၁၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးများသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ကျေးရွာအချို့မှ လူနေအိမ်နှင့် သာသနိက အဆောက်အဦ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


