ကျောက်ပန်းတောင်းမြို့နယ်တွင် နွေရာသီကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး အားကစားနည်း ၅မျိုး ပို့ချသွားမည်

ကျောက်ပန်းတောင်း ၂၈ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အားကစားနည်း (၅)မျိုးကို ပို့ချပေး သွားမည်ဖြစ်ကြောင် သိရသည်။ 

 

နွေရာသီအားလပ်ရက်များတွင် လူငယ်များအချိန်ကို အကျိုးရှိရှိအသုံးပြုတတ်စေရေး၊ အခြေခံအားကစားနည်းများ စနစ်တကျ တတ်မြောက်စေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ  ပေါ်ထွန်လာရေးတို့ကို ရည်ရွယ်ဆောင်ရွက်မည့် အခြေခံအားကစားသင်တန်းများတွင်၊ ဘောလုံးအားကစားနည်း(ကျား/မ)၊တိုက်ကွန်ဒို(ကျား/မ)၊ ဝူးရှူး (ကျား/မ)၊ Myanmar &  Physical Fitness Dance(ကျား/မ)နှင့် ပြေးခုန်ပစ်  အစရှိသည့်  အားကစား နည်း  (၅)မျိုးပါဝင်မည်ဖြစ်ပြီး အား/ကာဦးစီးဌာနမှ နည်းပြများနှင့် အခြေခံပညာဦးစီးဌာနမှ အားကစားနည်းပြ ဆရာ/ဆရာမများက သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

2

 

သင်တန်းပို့ချနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို   ဇန်နဝါရီ ၂၈  ရက် မွန်းလွဲ ၃ နာရီက မြို့နယ်အားကစား ခန်းမပြုလုပ်ခဲ့ပြီး သင်တန်းကာလကို ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၁ ရက်အထိ ဖွင့်လှစ်သွားရန် စီမံချက်ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

 

သင်တန်းကို အသက်(၁၅)နှစ်အောက် အခြေခံပညာကျောင်းသားကျောင်းသူများကို သင်ကြားပေးသွားရန်နှင့် ဝူရှူးနှင့် ထောက်လု အာကစားနည်းများကို အား/ကာ ဦးစီးဌာနမှ နည်းစနစ်မှူးများဖြင့် စနစ်တကျ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(iprd)