ကျောက်ပန်းတောင်း ၈ မတ်
    

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ  စားသောက်ကုန်လုပ်ငန်းများဖြစ်သည့် မြေပဲဆီကြိတ်လုပ်ငန်းနှင့် အာလူးကြော်လုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ၊ မတ် ၈ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

1


    

တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူနှင့် အဖွဲ့ဝင်များသည် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကိုကိုဇော် (လုပ်ငန်းခွင်/ပတ်ဝန်းကျင်)နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြို့မကွက်သစ်ရပ်ကွက်ရှိ ငြိမ်းချမ်းသူ မြေပဲဆီကြိတ်လုပ်ငန်းအား ဝင်ရောက်စစ်ဆေးကြရာ ဆီစက်လုပ်ငန်းရှင် ဦးကျော်သူလွင်က မြေပဲဆီကြိတ်လုပ်ငန်းနှင့် ပတ်သက်၍ စားသုံးသူများ အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ ဆက်လက်၍ ဒေါက်တာ နီနီအေးနှင့် အဖွဲ့ဝင်များသည် ပြည်တော်သာရပ်ကွက်ရှိ မေရီချို အာလူးကြော်လုပ်ငန်းသို့ ရောက်ရှိစစ်ဆေးကြရာ လုပ်ငန်းရှင် ဦးချိုက အာလူးကြော်လုပ်ငန်း ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရေး အလေးထားဆောင်ရွက်ထားရှိမှုများကို လုပ်ငန်းခွင်အလိုက် ရှင်းလင်းပြသရာ FDA ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေးက ပြည်သူများ ကျန်းမာရေးကို အလေးထား ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 
    

ယနေ့စစ်ဆေးသည့် စားသောက်ကုန်လုပ်ငန်းများမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနသို့ အသိအမှတ်ပြု လက်မှတ်ရရှိရေး တင်ပြဆောင်ရွက်ထားသည့် မြို့မကွက်သစ်ရပ်ကွက်ရှိ ငြိမ်းချမ်းသူ ပဲဆီကြိတ်လုပ်ငန်းနှင့် ပြည်တော်သာရပ်ကွက်ရှိ မေရီချို အာလူးကြော်လုပ်ငန်းတို့ကို လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။


နေအောင်(ပြန်/ဆက်)

 

1