ကျောက်ပန်းတောင်း   ၇  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အတွင်းမှ ဖြတ်သန်းသွားလာသည့် ကားများအား၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် တားမြစ်မိန့်အားလိုက်နာခြင်းရှိ/မရှိကို၊ ဧပြီ(၇)ရက်နေ့ နံနက် (၉)နာရီက ဘူတာလမ်းဆုံမှနေ၍ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးထွန်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၉၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်သျှန်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာလျှက်ရှိသည့် လူစီး Express ကားများ၊ အိမ်စီးကားငယ်များနှင့် ကျေးလက်ဈေးကားများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသော အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၀)ပါ တားမြစ်ချက်များအား လိုက်နာခြင်းရှိ/မရှိကို စစ်ဆေးကြပ်မတ်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)