ကော့ကရိတ် ၁၂ မေ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ မိမိနေအိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးစားသုံးနိုင်ရေး အတွက်မျိုးစေ့များကို ယနေ့ နံနက် ၉ နာရီက အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ သွားရောက်ဖြန့်ဝေပေးရာတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်သူးလေထီးနှင့် ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက် ကျေးရွာများရှိ အိမ်ထောင်စု(၁၀ဝ)အား ရွှေဖရုံ၊ ဘူး၊ သခွား၊ ပဲတောင့်ရှည်၊ ငရုတ်၊ ရုံးပတီ၊ ခရမ်း၊ ကန်စွန်း၊ ချဉ်ပေါင်၊ မုန်လာအစရှိသည့် မျိုးစေ့(၁၀)မျိုးတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


