ကော့ကရိတ် သြဂုတ် ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် သြဂုတ် ၁ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ် ၆ ရက် နံနက် ၆ နာရီခန့်တွင် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး မိုင်တိုင်အမှတ် (၁၅၄/ ၁၅၅)ကြား လမ်းယာဘက်ခြမ်းရှိ တောင်ကမ်းပါးယံပြိုကျကာ မြဝတီ-ကော့ကရိတ် အတက်/အဆင်းသွားလာခြင်း ခေတ္တပိတ်ဆို့ခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုနေရာသို့ ကော့ကရိတ်ခရိုင်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကော့ကရိတ်မြို့နယ် လမ်းဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်၍ ပြိုကျသည့်မြေစာများအား မြေကော်စက်များဖြင့် ရှင်းလင်းဖယ်ရှားခဲ့ရာ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် အဆင်းဘက်ခြမ်း လမ်းတစ်ဝက်မှာ ရှင်းလင်းဆောင်ရွက်ပြီးဖြစ်၍ အတက်/အဆင်း ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များ အလှည့်ကျစနစ်ဖြင့် တစ်စီးချင်း ဖြတ်သန်းမောင်းနှင်လျက်ရှိပြီး ကျန်ရှိနေသည့် မြေစာများအား တာဝန်ရှိသူများမှ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)