ကော့ကရိတ် ၂၅ ဇန်နဝါရီ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကြာအင်းကုန်းကျေးရွာ၊ ကမိုင်ကုန်းကျေးရွာနှင့် အံကောင်ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်လမ်းများခင်းခြင်းကို ဇန်နဝါရီ ၂၂ ရက်မှစ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းများအား ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် (၅၇၆)သိန်း၊ ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အတိုင်းအတာအားဖြင့် ကြာအင်းကုန်းကျေးရွာတွင် အရှည်ပေ ၅၀ဝ၊ ကမိုင်ကုန်းကျေးရွာတွင် အရှည်ပေ ၁၀ဝ၀၊ အံကောင်ကျေးရွာတွင် အရှည်ပေ ၂၁၀ဝ အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာများမှ အိမ်ထောင်စု (၅၇၇)စု၊ လူဦးရေ (၃၆၂၉)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်မည ဖြစ်သည်။

 

ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)