ကော့ကရိတ်၊    ၇    ဇန်နဝါရီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူ အညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကျုံဒိုးချောင်းဖျားကျေးရွာအုပ်စု ချောင်းဖျားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို  ဇန်နဝါရီ ၆ ရက်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အုန်းတပင်ကျေးရွာနှင့် ချိတ်ဆက်လျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း (၁၅၀)ဖြင့် အရှည်ပေ ၁၁၆၀ x အကျယ် ၁၀ ပေ x ထု ၆ လက်မ လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဦးရဲနိုင်ထွန်းနှင့် လူထုစည်းရုံးရေးမှူး ဦးစောဌေးရီ တို့၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့် ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု (၃၀၉)စု၊ လူဦးရေ (၁၈၃၅)ဦး တို့၏ ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးကိစ္စများအတွက်  များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း  သိရသည်။

ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)