ကော့ကရိတ် ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၆)ကြိမ်မြောက် သာသန မာမက သာသနလင်္ကာရ သာမဏေကျော်စာမေးပွဲကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ကော့ကရိတ်မြို့နယ်၊ ကော့ဝါလဲကျေးရွာ၊ အေးချမ်းသာယာတောရကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲတွင် ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ စာရင်းသွင်းဖြေဆိုသည့် သံဃာ၊ သီလရှင် စုစုပေါင်း ၁၃၅၉ ပါး ရှိသည့်အနက် မူလတန်းတွင် သံဃာ၊ သီလရှင် ၂၉ ပါး၊ ဥပစာ(က)တန်းတွင် သံဃာ၊ သီလရှင် ၁၁ ပါး၊ ဥပစာ (ခ)တန်းတွင် သံဃာ၊ သီလရှင် ၁၁ ပါး၊ ပထမအဆင့်တွင် သံဃာ၊ သီလရှင် ၇၁၉ ပါး၊ ဒုတိယအဆင့်တွင် သံဃာ၊ သီလရှင် ၁၂၉ ပါးနှင့် တတိယအဆင့်တွင် ၈၁ ပါးတို့က ဖြေဆိုခဲ့ကြ ကြောင်း သိရသည်။ အဆိုပါစာမေးပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)


