ကော့ကရိတ် ၂၃  ဒီဇင်ဘာ

 

(၈၂)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကော့ကရိတ်မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများမှ လှူဒါန်းသော ရန်ပုံငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကော့ကရိတ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

85114

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၈၂)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားနှင့် ကရင်ရိုးရာ ကောက်သစ် စားပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးပြောကြားပြီး ရရှိသည့် ရန်ပုံငွေများကို  ကော့ကရိတ်မြို့နယ် ကရင်စာပေ နှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးကျော်ဝင်းထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

320.15

 

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း(၅၀)၊ ကော့ကရိတ် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများမှ  လှူဒါန်းငွေ (၃၁၅၂၀ဝ၀) စုစုပေါင်း ငွေကျပ် ၈၁၅၂၀ဝ၀  တိတိအား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

8975201463

 

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)