ကော့ကရိတ်  ၁၃  ဇန်နဝါရီ

 

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာ ဒေါက်တာဖေမြင့် ရေးသားသည့် “အားပြင်းသော မြားတစ်စင်း စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကော့ကရိတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

 

5

 

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ စာရေးဆရာ ဒေါက်တာဖေမြင့် ရေးသားသည့် ''အားပြင်းသော မြားတစ်စင်း'' စာအုပ်မှ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ အောင်မြင်သူနှင့် မအောင်မြင်သူ၊ ရည်မှန်းချက် ပန်းတိုင်၊ စမိသည့်အလုပ် ပြီးစီးအောင်လုပ် ခေါင်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ Club အဖွဲ့ဝင်များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ပြန်/ဆက်)