ကော့ကရိတ် သြဂုတ် ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များပြားလာပြီး ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် အသိပညာပေးနိုးဆော် ကြေညာ ခြင်းကို အသိပညာပေးဆောင်ရွက်လျက်ရာ ယမန်နေ့ညနေ ၃ နာရီခန့်က ကော့ကရိတ်ခရိုင်ပြန်ဆက်ဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာနေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှ လာသောဧည့်သည်များ အား လက်မခံကြရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန် အသိပေး နှိုးဆော်ခဲ့သည်။

 

ခင်မျိုးဝင်း (ခရိုင်ပြန်/ဆက်)