ကော့ကရိတ်၊ ၁၉ ဇန်နဝါရီ

ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ ကျေးရွာများသို့ ကွင်းဆင်း၍ မသန်စွမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဆွေးနွေးမှုကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက နိုင်ခလောင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ကော့ကရိတ်မြို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း မန်နေဂျာ ဦးမန်းမိုးအောင်ဦးနှင့် အဖွဲ့ဝင်များက မသန်စွမ်းသူများနှင့် ကျေးရွာနေပြည်သူများကို ရပ်ရွာအတွင်း မသန်စွမ်းသူများ ဘေးဖယ်ထားမှု အားရှောင်ကျဉ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်စေရေး၊ မသန်စွမ်းသူများ၏ ဥပဒေ၊ နည်းဥပဒေများကို  သိရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများကို မသန်စွမ်းမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ(၃၀)ခန့်  တက်ရောက်ခဲ့ကြောင်း  သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)