ကော့ကရိတ် ၁၉ ဇန်နဝါရီ
ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ ကျေးရွာများသို့ ကွင်းဆင်း၍ မသန်စွမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဆွေးနွေးမှုကို ယမန်နေ့နံနက်(၁၀)နာရီက နိုင်ခလောင် ကျေးရွာဘုန်းကြီးကျောင်းဝန်း အတွင်း၌ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ကော့ကရိတ်မြို့ မြန်မာနိုင်ငံမသန်စွမ်း သူများအသင်း မန်နေဂျာ ဦးမန်းမိုးအောင်ဦး နှင့်အဖွဲ့ဝင်များက မသန်စွမ်းသူများနှင့် ကျေးရွာနေပြည်သူများကို ရပ်ရွာအတွင်း မသန်စွမ်းသူ များ ဘေးဖယ်ထားမှုအား ရှောင်ကျဉ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်စေရေး၊ မသန်စွမ်းသူများ၏ ဥပဒေ၊ နည်းဥပဒေများကို သိရှိစေရေးတို့ကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
ထိုနောက်တက်ရောက်လာသည့် ပြည်သူများကို မသန်စွမ်းမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ မသန်စွမ်းပြည်သူနှင့် သန်စွမ်းပြည်သူ(၃၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)


