ကော့ကရိတ် ဇွန် ၁၇

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်) ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ် ပြည့်ပြီးသူ ကျောင်းသားကျောင်းသူ ၆၀ တို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ဆောင်ရွက်ပေးလျက်ရှိပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးလှသန်းနိုင်၊ ကျောင်းအုပ်ဆရာကြီး ဦးစောဝင်းထိုက်တို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)