ကော့ကရိတ် ဇူလိုင် ၂၃

 

ကော့ကရိတ်ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရေဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် လှိုင်ဝအင်း၌ ကျင်းပသည်။

 

ဦးစွာ ကော့ကရိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံ‌ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့တို့က ချောင်းအတွင်း ရေနစ်နေသူအား ကူညီကယ်ဆယ်ပေးပုံ အဆင့်ဆင့်တို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

 

ထို့နောက် တာဝန်ရှိသူများက ကယ်ဆယ်‌ရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)