ကော့ကရိတ် ၁ ဇွန်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် စည်ပင်သာယာရေးဈေးများကို ယနေ့နံနက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ကြောင်း သိရသည်။

 

ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဈေးများကို ယာယီပိတ်သိမ်းခဲ့ရာ ယနေ့နံနက်တွင် ကော့ကရိတ်မြို့ မြို့မဈေးကြီး၊ ကျုံဒိုးမြို့ဈေး၊ ကော့ဘိန်းတိုက်နယ်ဈေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ ပုံမှန်ဈေးဖွင့်ချိန်အတိုင်း ပြန်လည် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးရောင်းဈေးဝယ် လာရောက်သူများကို အပူချိန်တိုင်းခြင်း၊ လိုက်နာရမည့် စည်းကမ်းချက်များ ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပျံကျဈေးအား ယာယီဈေးတွင်သာ ဆက်လက်၍ ရောင်းချရမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)