ကော့ကရိတ်၊ ဇန်နဝါရီ

ကော့ကရိတ်မြို့နယ် ကော့ဘိန်းဈေးအတွင်း၌ လူသုံးဦးကို စကေဘာဖြင့် ထိုးသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာနေ မချိုချိုပြုံးသည် ဇန်နဝါရီ ရက် နံနက် နာရီခွဲက ကော့ဘိန်းဈေးအတွင်းရှိ ကုန်စုံဆိုင်၌ ဈေးရောင်းနေစဉ် ကော့ကရွက်ကျေးရွာနေ နွေဦး က  ဆိုင်ရှေ့တွင် ရောင်းချရန်ခင်းကျင်းထားသော ဆီဘူးအား ခွဲယူနေသောကြောင့် ၎င်းက အော်လိုက်စဉ် နွေဦး က ဆီဘူးအား ဆိုင်အတွင်း ပစ်ပေါက်ထားကာ ထွက်သွားကြောင်း၊ မိနစ်ခန့်အကြာတွင် နွေဦး က မချိုချိုပြုံး၏ ဆိုင်ဘေးတွင် ဈေးရောင်းသူ ဒေါ်နွဲ့ကြည်၊ ဦးမင်းရန်ကင်းနှင့် ကိုဝင်းလှိုင်တို့အား စကေဘာဖြင့် လိုက်ထိုးသဖြင့် ၎င်း ()ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုပြုံးက တိုင်တန်းသဖြင့် ကော့ဘိန်း နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဖြိုးအောင်နှင့်  တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို လိုက်လံဖမ်းဆီးခဲ့ရာ နံနက် ၁၀ နာရီတွင် နွေဦး အား သက်သေခံ စကေဘာနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား