ကော့ကရိတ် ၂၉ ဒီဇင်ဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေဖြင့် ကော့တာကျေးရွာတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါကျောက်ချောလမ်းမှာ အရှည် ၂၀၇၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ထောက်ပံ့ရန်ပုံငွေကျပ် ၁၂ ဒသမ ၇၅၅ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ၁ ဒသမ ၂၄၅ သန်း၊ စုစုပေါင်း ကျပ် ၁၄ သန်းဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ်အောက်တိုဘာလမှ စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖော့က ပြောသည်။

 

ကော့တာကျေးရွာ ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှုကြောင့် ကော့တာ၊ ကော့တုံ၊ ကော့ဂိုး၊ ကမ်းနီ၊ မွန်လှိုင် ကျေးရွာငါးရွာရှိ အိမ်ခြေ ၆၄၀ မှ လူဦးရေ ၆၅၇၀ ဦးတို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ