ကော့ကရိတ်၊ ၈ ဇန်နဝါရီ
ကော့ကရိတ်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရန်ကုတ်ကျေးရွာအုပ်စု ကမ္မရာကျေးရွာ အလယ်တန်းကျောင်းခွဲ စာသင်ကျောင်းဆောင်သစ် အလျား ပေ ၆၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေ ရှိသော စီမံကိန်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း ၂၇၀ ဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယခုအခါ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါတိုးချဲ့ကျောင်းဆောင်သစ်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်း ပညာမှူး နန်းစန္ဒာမိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့ ကြီးကြပ်ဆောင်ရွက်ပြီး ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပါက ကမ္မရာကျေးရွာနှင့် ဆိပ်ဖူးကုန်းကျေးရွာမှ ကျောင်းနေအရွယ် ကလေးသူငယ်များ စုစုပေါင်း (၃၀၀)အတွက် စာသင်ကြားရာတွင် လုံလောက်သော စာသင်ခန်းများဖြင့် ကောင်းမွန်စွာ ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


