ကော့ကရိတ်ခရိုင် ၁၉ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမဲဆောက်မြို့(BMT)အသင်းမှ လှူဒါန်းသော ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ အဝတ်အထည်၊ ဆေး၊ မုန့်ပုံးများနှင့် အလှူငွေကျပ် ၄၁၇၁၀ဝ၀ ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊မြဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းရွှေ၊ ဒေါ်ခင်သူဇာ (ပတ္တမြားမယ်) မိသားစု၊ အဖွဲ့ဝင်များမှ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့နံနက်၁၀နာရီက ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းက လက်ခံရယူခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးတို့မှ ခရစ်ကျောက်တန်းကျေးရွာသို့ သွားရောက်၍ ခရစ်ကျောက်တန်းဘုန်းတော်ကြီးကျောင် းဆရာတော်အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့သည့် ဆန်၊ဆီ များ လှူဒါန်းဆက်ကပ်ခဲ့ကြသည်။
ထို့နောက် ရေကြီးနစ်မြုပ်နေသည့် ခရစ်ကျေးရွာရှိ အိမ်ထောင်စု(၂၉)၊ကော့ဟထော်ကျေးရွာရှိ အိမ်ထောင်စု(၂၃)စု၊မွန်လိုင် ကျေးရွာရှိ အိမ်ထောင်စု၂၈စုတို့အား ဆန်၊ဆီ စားသောက်ကုန်နှင့် အဝတ်အထည်များ၊ ထောက်ပံ့ငွေများအားသွားရောက်ထောက်ပံ့.ပေးအပ်ခဲ့သည်။
ယင်းနောက် ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ခရစ်ကျေးရွာအတွင်း ရေကြီးနစ်မြုပ်လယ်များအား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


