နေပြည်တော်    မတ်    ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များသည် မတ် ၂၄ ရက်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၈၀ ဒသမ ၆၀၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခို လမ်း ၁၈/၄ မိုင် ပေါ်တွင် ပေ ၈၀ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ပေ ၂၀ သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ တံတားများ တည်ဆောက်ပြီးစီးမှုကြောင့် ကော့ကရိတ်မြို့နယ်၊ နဘူးတံခွန်တိုင်ကျေးရွာအုပ်စု၊ ထို့ကော်ကိုးကျေးရွာမှ မြဝတီမြို့သို့လည်ကောင်း၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်သို့လည်းကောင်း အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

သတင်းစဉ်