ကော့ကရိတ်  ၂၇   ဇန်နဝါရီ 

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ တောနော်ရေတံခွန်တွင် ဇန်နဝါရီ ၂၇ ရက်နေ့က ရေကူးရန် ရောက်ရှိလာသည့်အဖွဲ့မှ အမျိုးသမီးငယ်နှစ်ဦး ဓာတ်ပုံရိုက်စဉ် တစ်ဦးမှာ ခြေချော်ကျသွား၍ နောက်တစ်ဦးမှ တောင်အောက်ပြုတ်ကျမည်စိုး၍ လှမ်းဆွဲလိုက်စဉ် နှစ်ဦးစလုံး အမြင့်ပေ ၂၀၀ ခန့်ရှိသော တောင်အောက်သို့ ပြုတ်ကျသွားခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန် ကော့ကရိတ်မြို့နယ်၊ တောနော်ရေတံခွန်သို့ ရေကူးရန်ရောက်ရှိလာသော (၉)ဦးအဖွဲ့မှ မစုမြတ်ဝေ(၁၉-နှစ်) ဖလူးကျေးရွာ၊ မြဝတီမြို့နယ်နေသူသည် သူငယ်ချင်းဖြစ်သူ မျိုးနန္ဒာကျော်(၁၉-နှစ်) ပဲခူးတိုင်းဒေသကြီးနေသူနှင့်အတူ တောနော်ရေတံခွန်၏ အပေါ်ဆုံးထိပ်သို့ တက်ရောက်၍ ဓာတ်ပုံရိုက်စဉ် မမျိုးနန္ဒာကျော်မှာခြေချော်သွားသဖြင့် သူငယ်ချင်းဖြစ်သူ မစုမြတ်ဝေက ပြုတ်ကျမည်စိုး၍ လှမ်းဆွဲလိုက်စဉ် နှစ်ဦးစလုံး ပေ(၂၀၀)ခန့်ရှိသော တောင်​ပေါ်မှ   ပြုတ်ကျသွားခဲ့သဖြင့် မစုမြတ်ဝေတွင် ယာဘက်ဂျိုစောင်းပေါက်ပြဲ၊ ဝဲနဖူးထောင့်ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး မမျိုးနန္ဒာကျော်တွင် ယာဘက်ခြမ်းမေးရိုးကျိုး၊ ဦးခေါင်းနောက်စေ့ကြေ၊ မျက်ခုံးပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရဲဆေးစာပေးပို့ထားခဲ့ကြောင်း သိရပြီး ဒဏ်ရာရရှိသူ မစုမြတ်ဝေမှာ မြဝတီပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မမျိုးနန္ဒာကျော်နှင့်မစုမြတ်ဝေတို့နှစ်ဦး သေဆုံးခြင်းအပေါ် ကော့ကရိတ်မြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

 

မင်းသူ(ဘားအံ)