ကော့ကရိတ်  ဒီဇင်ဘာ  ၁၀

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ (၃)လုံးပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ  ၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိတို့က ကော့ကရိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးများထံ ပေးအပ်ခဲ့သည်။

 

ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၀)အုပ်စုတို့မှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၁၆၇)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၅၀၁၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် ပြန်လည် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စောအောင်မျိုးလွင် (ပြန်/ဆက်)