ကော့ကရိတ်မြို့နယ်အတွင်းရှိ သွပ်ပြားပုံဖော်စက်ရုံ၊ ရေသန့်စက်ရုံများသို့ ကိုဗစ်၁၉ရောဂါနှင့် ပတ်သက်၍ အသိပညာပေးကွင်းဆင်းစစ်ဆေး

ကော့ကရိတ်  ၇  မေ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ဘိန်းတိုက်နယ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် သွပ်ပြားပုံဖော်စက်ရုံ၊ ရေသန့်စက်ရုံ များကိုဗစ်၁၉ရောဂါနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်အပေါ် လိုက်နာဆောင်ရွက် ထားရှိမှုအခြေအနေအား သက်ဆိုင်ရာအဖွဲ့အစည်းမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း  ဆောင်ရွက်ခဲ့သည်။

 

ကွင်းဆင်းအဖွဲ့သည် စက်ရုံ ၊အလုပ်ရုံများရှိသည့် ကော့ဘိန်းတိုက်နယ် ကျေးရွာရှိ အေကရင်းသွပ်ပြားပုံဖော်စက် ရုံ၊ ဟံသာကြယ် ရေသန့်စက်ရုံ၊ ထွန်းရတနာ ရေသန့်စက်ရုံသို့ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ရွှေဝင့်ဝါမြင့် ၊မြို့နယ်ကျန်းမာရေး ဦးစီးမှူးဦးစိန်မြင့် ၊မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်ချိုချိုမွန် မြိုနယ်စည်ပင်သာယာရေး ဒုဦးစီးဦး စောဂျော့မြက်ထူးတို့က သွားရောက်ကာ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံ၍ ကိုဗစ် ၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်၊ အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်နှင့် အညီ ဆောင်ရွက်ထားရှိရေးကို ကြည့်ရှု့စစ်ဆေးခဲ့သည်။

 

ထိုသိုစစ်ဆေးရာတွင်စက်ရုံတွင် ၊ လက်ဆေးကန်၊ ကိုယ်အပူချိန်တိုင်းတာရေးစက် ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေးပိုစတာ၊ စနစ်တကျလက်ဆေးနည်း ပိုစတာများ ကပ်ထားရှိရေး၊ အလုပ်သမားများအတွက် နှာခေါင်းစည်း ၊လက်အိတ်များ တပ်ဆင်ရေးနှင့် လုံလောက်စွာ ထောက်ပံ့ ပေးဝေရေး ၊ ၆ပေအကွာ အလုပ်လုပ်ခြင်း၊ ထမင်းစားခြင်း အနားယူခြင်းပြုလုပ်ခြင်း၊ အလုပ်သမားများ နေ့စဉ် ထိတွေ့ရသည့် ပစ္စည်းကိရိယာများကို ပိုးသတ်ဆေးဖျန်ရေး၊ လုပ်ငန်းခွင်ကို သန့်ရှင်းရေးနှင့် လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ရေး၊ အလုပ်သမား၊ အလုပ်သမားမိသားစုဝင်များ ကျန်းမာရေးမကောင်းပါက  စက်ရုံကြီးကြပ်ရေးမှူး ၊သက်ဆိုင်ရာကျန်းမားရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရေးစသည့် စက်ရုံအလုပ်ရုံများ လုပ်ငန်းခွင်ဆောင် ရွက်ရမည့်အချက်များကိုလိုက်နာ ဆောင်ရွက်ထားရှိရေး  အသိပညာပေး စစ်ဆေးအကြံပြုခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)