ကေ့ာကရိတ် နိုဝင်ဘာ ၂
ကရင်ပြည်နယ်၊ ကော့ရိတ်ခရိုင်၊ ကော့ကရိတ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယခုအခြေ အနေတွင် ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာသည့်အတွက် နိုဝင်ဘာ(၁)ရက်မှ စတင်၍ ကေ့ာကရိတ် မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုကျောင်းများပြန်လည် ဖွင့်လှစ်သင်ကြားရာ တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းသား/သူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြား နိုင်ရေး အတွက်လည်း နယ်မြေရဲတပ်ဖွဲ့မှ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကေ့ာကရိတ်မြို့တွင် အခြေခံပညာကျောင်း(၂၉၉)ကျောင်းရှိပြီး နိုဝင်ဘာ(၁ရက်နေ့မှစ၍ အ-ထ-က ကျောင်း(၈) ကျောင်း၊ အထကခွဲ(၂၂)ကျောင်း၊ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အ-လ-က(ခွဲ) (၁၆)ကျောင်း၊ မူလွန်(၂၃)ကျောင်း၊ အ-မ-က (၁၂၀)ကျောင်း၊အမကခွဲ(၁)ကျောင်း၊ဘ/က(၃)ကျောင်းစုစုပေါင်း(၂၀၃)ကျောင်း စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
KMW(ခရိုင်ပြန်/ဆက်)


