ကော့ကရိတ် ၉ မေ 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ က အဆိုပါမီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်သည်။

 

လေ့ကျင့်ပြင်ဆင်ခြင်းကို ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစောလှထွန်းဇံ၊ စခန်းတာဝန်ခံ ဦးစောဒါယေလတို့မှ ကြီးကြပ်၍ လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သဘာဘေးကြောင့် ဖြစ်ပေါ်တတ်သော ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ ယာဉ်မတော်တဆ ဖြစ်ပွားခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ သွားရောက်ချိတ်ဆက် ရှာဖွေကယ်ဆယ် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)