နေပြည်တော် ၂၀ နိုဝင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကွပ်ကဲမှုအောက်ရှိ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း သမိန်ဒွတ်-ခရင်း ကျောက်ခင်းလမ်း (၁/၆)မိုင်၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၉၆ ဒသမ ၀၉၅)သန်းနှင့် အဆိုပါလမ်းပေါ်ရှိ (၅)ပေ Box Culvert (၃)စင်း၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၃ ဒသမ ၀၄၃)သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနေရာ အတည်ပြု သတ်မှတ်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၁၉ ရက်မှ လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ချိုဆင့်