mdn

ကော့ကရိတ်  စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ် အထက် သက်ကြီး ဘိုးဘွားများကို တတိယကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့  မွန်းလွဲပိုင်းက ကော့ကရိတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝေက လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဘိုးဘွားများတို့၏ လက်ထဲသို့ထောက်ပံ့ငွေများ ရောက်ရှိအောင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကဆောင်ရွက်ပေးစေရေးစသည်ဖြင့်အမှာစကားပြောကြားသည်။

ထို့နောက်လူမှူရေးပင်စင်ထောက်ပံ့ငွေများကိုခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဦးထွန်းဝေ၊မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဦးကျော်ကျော်ဦး၊ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးမင်းဇော်ဇော်လတ်၊မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိဒေါ်အေးအေးသင်းတို့မှပေးအပ်ရာသက်ဆိုင်ရာရပ်ကွက်ကျေးရွာတာဝန်ရှိသူများကလက်ခံရယူကြသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင်ကေ့ာကရိတ်မြို့နယ်အတွင်းရှိမြို့ပေါ်ရပ်ကွက်(၁၁)ခု၊ကျေးရွာ(၅၀)ရွာရှိဘိုးဘွား(၁၂၂၂)ဦးအားတစ်ဦးလျှင်ကျပ်သုံးသောင်းနှုန်းဖြင့်ကျပ်(၃၆၆၆၀၀၀၀)တို့အားထောက်ပံ့ပေးအပ်ခဲ့
ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)