ကော့ကရိတ်  ၂၈  ဧပြီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီး ကျောင်းများ၊ ကျေးရွာပြည်သူများ နွေရာသီကာလ သောက်သုံးရေ ဖူလုံစေရေးအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘီစံသိန်းမြင့်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် ဥက္ကဋ္ဌနှင့် လူငယ်လုပ်ငန်း ကော်မတီဝင်များက သောက်ရေသန့်များကို ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာအရောက် ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖြန့်ဝေလှူဒါန်းရာတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ တံတားကျိုးကျေးရွာမှ ဣစ္ဆာသယဘုန်း တော်ကြီးကျောင်း၊ ဇေယျဝတီ တပ်ဦးဘုန်းတော်ကြီးကျောင်း၊ ကမ္မရာကျေးရွာမှ ထီ့ညားပယ် ဘုန်းတော်ကြီးကျောင်း၊ လိုင်ကွယ်ကျေးရွာမှပရိယတ္တိ စာသင်တိုက်နှင့် ကျေးရွာပြည်သူများအား သောက်ရေသန့် ၂၀ လီတာဘူး(၁၀၀)ဘူး၊ ၁ လီတာ(၆)လုံးကဒ်ပါ (၂၀)ကဒ်တို့အား သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)