ကော့ကရိတ် ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများ အနေဖြင့် ယခင်နှစ်များထက် ကုန်ကျစရိတ် များသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများထံမှ သိရသည်။
“ယခင်နှစ်က သကြားပြောင်းဖူး တစ်ဖူးကို ငွေကျပ် ၁၀၀ ပဲ ရတယ်။ ပြောင်းကတော့ သန်တဲ့အပင်မှ နှစ်ဖူးလောက်ပဲ ရတယ်။ ယခုနှစ်မှာတော့ ပိုးကျတဲ့အပြင် ရာသီဥတုကလည်း ဖောက်ပြန်မှုရှိတဲ့အတွက် ပြောင်းပင်တွေ ပျက်စီးတာလည်း ရှိတာပေါ့။ ပြောင်းဖူးကို ကျွန်တော်တို့ရွာနဲ့ ကော့ကရိတ် မြို့မဈေးကြီးမှာ ရှိတဲ့ ဖောက်သည်တွေဆီမှာ ပြန်သွင်းပါတယ်”ဟု တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူ ဦးမြဦးက ပြောပြသည်။
“ကော့ကရိတ် မြို့မဈေးကြီးတွင် ရောင်းချလျက်ရှိသည့် ပြောင်းဖူးများမှာ ဒေသထွက် ပြောင်းဖူးအနည်းငယ် သာရှိပြီး ဘားအံမြို့မှ တစ်ဆင့် ဝယ်ယူသည့် ပြောင်းဖူးများကိုသာ အဓိက ရောင်းချလျက်ရှိပါတယ်”ဟု ပြောင်းဖူးရောင်း ဈေးသည်တစ်ဦးက ပြောပြသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)