ကော့ကရိတ် ၂၇ နိုဝင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာခရိုင်ရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် ကော့ကရိတ်ခရိုင် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီ၃၀အချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီဉက္ကဌ ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆင့်ပွားသင်တန်းသို့ ကော့ကရိတ်ခရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုဦး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဆိုင်ရာခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ကော့ကရိတ်ခရိုင်အတွင်းရှိ သင်တန်းသူ သင်တန်းသား (၃၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား (၂၇.၁၁.၂၀၁၉) ရက်နေ့မှ (၇.၁၂.၂၀၁၉)ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်ဆက်)