ကော့ကရိတ် ၁၈ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြန်ဆက်ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်(၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရစာအုပ်များကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ အခြေခံပညာ ကျောင်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အာဇာနည်အမှတ်တရ စာအုပ်တွင် အာဇာနည်ကိုးဦး၏ အထ္တုပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်နှင့် ဇနီးဒေါ်ခင်ကြည်၏ အမှာစကား၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နု၏ မိန့်ခွန်းများ၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုးတို့၏ ကဗျာများ၊ ဂန္ဒီ၏ ဆုတောင်းစကားများ ပါဝင်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


