ကော့ကရိတ်  ၁  ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက နဘူးတိုက်နယ်ရှိ နဘူးနှစ်ခြားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

 

0605

 

သင်တန်းဆင်းပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ရဲမင်းက ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များနှင့် နိုင်ငံပိုင် အဆောက်အဦးများ မီးဘေးအန္တရာယ် ကင်းဝေးရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ မီးလောင်မှု အခြေခံသဘောတရားများ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များနှင့် လုပ်ငန်းစဉ်များ၊ အရန်မီးသတ်တပ်ဖွဲ့၏ တာဝန်နှင့် ဝတ္တရာများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

 

33180

 

ထို့နောက် ကော့ကရိတ်မြို့နယ် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ရဲမင်းနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်သင်တန်းသားများကို ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၄ ရက် ၂၉ ရက်ထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကော့ကရိတ်မြို့နယ် နဘူးတိုက်နယ်အတွင်းမှ နဘူးနှစ်ခြားအုပ်စု၊ နဘူးတံခွန်တိုင်အုပ်စု၊ အင်းရှည်ကျေးရွာအုပ်စု၊ မြပတိုင်ကျေးရွာအုပ်စု၊ ခနိမ်ဖော်ကျေးရွာ အုပ်စုတို့မှ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ခင်မျိုးဝင်း(ကော့ကရိတ်)